စွမ်းအင်မည်း ( Dark Energy is real )
http://zayya.wordpress.com/2011/05/20/dark_energy/#more-1655
ဂလက်ဆီ ပေါင်း နှစ်သိန်းမက
ရှိတဲ့ အစုအဝေး ကို လေ့လာကြည့်ရင် ကျနော်တို့ စကြာဝဠာ တစ်ခွင်လုံး ရဲ့
ပြန့်ကားလာမှုဟာ အလျဉ်နှုန်း ( Speed ) တဖြည်းဖြည်းတိုး တိုးလာနေတယ်လို့
ဆိုပါတယ်။ အဲ့တိုးလာတဲ့ အလျင်နှုန်းဟာ ဘာကြောင့် တိုးလာရပါသလဲ ။
အရင်းစစ်ကြည့်တော့ Dark energy ခေါ်တဲ့ မမြင်နိုင်တဲ့ စွမ်းအင်မည်း တွေရဲ့
တွန်းအားကြောင့် ပါတဲ့။ အဲ့လို အဖြေရတယ်။
ဒီရလာဒ်
ဖြစ်လာပုံက စကြာဝဠာတွင်း မိသားစုဝင် ကြယ်အစုအဝေးများ ဖြစ်တဲ့ ဂလက်ဇီ
တွေကို ငါးနှစ်ကြာ သုတေသန ပြုလုပ်ရာ ကနေ စပါတယ်။ နက်နဲပြီး သိရခက်ပါတယ်
ဆိုတဲ့ စွမ်းအင်မည်းတွေ ဘယ်လို အလုပ်လုပ် သလဲ ဆိုတာ အတွက် သီဝရီ အသစ်တွေ
ထောက်ပံ့ပေးပါတယ်။ အဲ့အထဲမှာ လက်ရှိ စကြာဝဠာ ဘယ်လို ပြန့်ကားနေသလဲ –
စကြာဝဠာ ပြန့်ကားနေတဲ့ အပြင် ဒီတစ်ခွင်လုံးကို အညီအမျှ သက်ရောက်နေတဲ့
နောက်ကွယ်က ဘာရှိလဲ။ ရှိနေတာက ကိန်းသေ တွန်းအား၊ အင်အားစု ဖြစ်ပါတယ်။
ဒါတွေကို ကြံဆမိ လာကြတယ်။
စွမ်းအင်မည်း ရှာဖွေရေး သမားများ
စွမ်းအင်မည်း ရှာဖွေရေး သမားများ ( သို့မဟုတ် ) နိုဘယ်လ်ဆုရှင်များ
http://zayya.wordpress.com/2011/10/05/noble_dar/#more-1883
၂၀၁၁ ခုနှစ် အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို အမေရိကန်၊ လောရင့်စ် ဘာကလေ
အမျိုးသား ဓာတ်ခွဲဌာန က သိပ္ပံပညာရှင် ဆောလ် ပါမက်တာ (Saul Permutter) ၊
ဘယ်လ်တီမိုး-ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်က အဒမ် ရိစ် (AAdam Riess)၊ ဝက်စ်တမ်
ခရိ – ဩစတြေးလျ အမျိုးသားတက္ကသိုလ်က ဘရိုင်ယန် ရှမစ်ဒ် (Brian
Schmidt)တို့က ခွဲဝေ ရရှိပါတယ်။
အဝေးတစ်နေရာက
နေပေါက်ကွဲမှု ဖြစ်စဉ်တွေကို လေ့လာရင်း စကြာဝဠာရဲ့ ပြန့်ကားမှု
အရှိန်နှုန်းကို တွက်ချက်ဖော်ထုတ်ခဲ့တာ တွေ အတွက် ချီးမြှင့်ရခြင်း
ဖြစ်တယ်လို့ ဆိုပါတယ်။ ပါမက်တာက နိုဘယ်ဆုရဲ့ ဆုကြေးဖြစ်တဲ့ SEK 10m (
စတာလင်ပေါင် 934,000 ) တစ်ဝက်ကို ရရှိတာဖြစ်ပြီး၊ ရိစ်နဲ့ ရှမစ်ဒ်တို့က
အခြားတစ်ဝက်ကို ရရှိပါတယ်။
12 November, 2011
“စကြ၀ဠာ၊ မြင်းမိုရ်တောင်၊ကျွန်းကြီးလေးကျွန်း နှင့် ဗုဒ္ဓ၏ ဟောပြောချက်များ။ ”
http://www.hittai.org/remember/all/18.htm
ကိုယ်.ဆရာတို.ရေ ကျွန်တော်နှင်.တကွဗုဒ္ဓဘာသာဝင်အားလုံးနီးပါးစိတ်ထဲမှာမရှင်းတာလေးတစ်ခုတော.ရှင်းပြပေး စေလိုပါ တယ်။ အဲဒါကတော.မြင်းမိုရ်တောင်နဲ.ကျွန်းကြီးလေးကျွန်းပါပဲ။ဗုဒ္ဓဘာသာကိုအနည်းငယ်တီးမိခေါက်မိရှိတဲ. တစ်ခြား ဘာသာဝင်တွေက မေးရင်ဘယ်လိုကျေနပ်အောင်ပြန်ရှင်းပြရမလဲဆိုတာမသိလို.ပါ။
ကျေးဇူးတင်လျှက်။
ဟိုတလောကတော့ ဒီစကြ၀ဠာရဲ့ အဆုံးသတ်ကို သိပ္ပံပညာက ရှာတွေ.တယ်လို့ ပြောတာ ဖတ်လိုက်ရတယ်။ အဲဒီ နယ်နိမိတ်ရဲ့ ဟိုတဖက်မှာ မှောင်မဲနေတယ်..တဲ့ ။ ဒါပေမယ့် တစုံတရာနဲ့ ပိတ်နေတာ မဟုတ်ဘူး ။ နောက်ထပ် ဒီလိုစကြ၀ဠာတွေ ရှိဦးမယ်လို့ သုံးသပ်ကြတယ်။
မြတ်စွာဘုရားဟောတဲ့ စကြ၀ဠာ တိုက် တစ်သောင်း ၊ စကြ၀ဠာအနန္တ ဆိုတာ မကြာခင် သက်သေ ပြကြ
တော့မယ် ထင်တယ်။

17 May, 2011
စကြာဝဠာ
စကြာဝဠာ
ရုပ်ဝတ္ထု
အနေဖြင့် တည်ရှိသမျှသော အရာအားလုံးကို စကြာဝဠာဟု သတ်မှတ်ပြီး အချိန်နှင့်
နေရာ အားလုံး၊ ဒြပ်ထုပစ္စည်း ပုံသဏ္ဌန် အားလုံး၊ စွမ်းအင်နှင့် အဟုန်
တို့အပြင် ၄င်းတို့ကို ထိန်းချုပ်သော ရုပ်ပိုင်းဆိုင်ရာ နိယာမများနှင့်
ကိန်းသေများ ပါဝင်သည်။ သို့သော်လည်း အနည်းငယ်မျှ ကွဲပြားခြားနားသော
အခြေအနေ အရပ်ရပ် ပေါ်တွင် မူတည်၍ စကြာဝဠာဆိုသော အသုံးအနှုန်းကို အာကာသ၊
ကမ္ဘာသို့မဟုတ် သဘာဝနှင့် ဆိုင်သော အဓိပ္ပာယ်ဖြင့်လည်း သုံးစွဲကြသည်။
ယခုလက်ရှိ နက္ခတ်ဗေဒဆိုင်ရာ လေ့လာစူးစမ်းမှုများ အရေ စကြာဝဠာ၏ သက်တမ်းကို နှစ်ပေါင်း ၁၃.ရ၃ ( ± ၀.၁၂) ဘီလီယံနှစ်မျှ သက်တမ်းကြာရှည်ပြီဟု ညွှန်ပြနေပြီး လေ့လာစူးစမ်းနိုင်သော စကြာဝဠာ၏ အချင်းမှာ အနည်းဆုံး အလင်းနှစ်ပေါင်း ၉၃ ဘီလီယံ သို့မဟုတ် ၈.၈၀ × ၁၀၂၆ မီတာမျှ ရှိသည်။ (ဂလက်ဆီ နှစ်ခုသည် နှစ်ပေါင်း ၁၃ ဘီလီယံအတွင်း အလင်းနှစ်ပေါင်း ၉၃ သန်းမျှ ဝေးကွာသွားသည် ဆိုသော အချက်မှာ အငြင်းပွားဖွယ်ရာ အချက်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော စပယ်ရှယ် ရီလေတီဗတီ သီအိုရီတွင် ဒြပ်ထုတို့သည် နေရာ-အချိန် (space-time) နယ်ပယ် အတွင်းတွင် အလင်း၏ အလျင်ထက် ပို၍ အရှိန်မြင့်တင်ခြင်းမပြုနိုင်ဟု ဆိုထားခြင်းကြောင့်ဖြစ်သည်။) စကြာဝဠာ၏ အရွယ်အစားမှာ အတိအကျ ရှိသည် သို့မဟုတ် အဆုံးမဲ့ဖြစ်သည် ဆိုသော အချက်ကိုမူ အတိအကျ ပြော၍ မရနိုင်ပေ။

အမည်မှည့်ခေါ်ခြင်း၊ အမည်တူများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ
စကြာဝဠာ၏ အင်္ဂလိပ် စကားလုံး Universe သည် ရှေးဟောင်း ပြင်သစ်စကားလုံး Univers မှ ဆင်းသက်လာပြီး ထိုစကားလုံးမှာ လက်တင်စကားလုံး universum မှ တဆင့် ဆင်းသက်လာခြင်း ဖြစ်သည်။ လက်တင်စကားလုံးကို စီဆာရိုက အသုံးပြုခဲ့ပြီး နောက်ပိုင်းကျသော လက်တင်စာရေးဆရာများမှာလည်း ခေတ်သစ် အင်္ဂလိပ်စကားလုံးနှင့် တူညီသော အဓိပ္ပာယ်ရှိသည့် အသုံးအနှုန်း အဖြစ် သုံးနှုန်းကြသည်။ လက်တင်စကားလုံးကို လူခရီတီးယတ်စ် (Lucretius) က De rerum natura ( အရာဝတ္ထုတို့၏ သဘာဝ) စာအုပ်အမှတ် ၄ စာကြောင်းရေအမှတ် ၂၆၂တွင် စတင် အသုံးပြုခဲ့ပြီး ကဗျာဆန်ဆန် စကားလုံးနှစ်လုံးကို ပေါင်းစပ်သုံးနှုန်းခဲ့ခြင်းဖြစ်သည်။ un, uni ဆိုသည်မှာ တစ်ခုတည်းဟု အဓိပ္ပာယ်ရပြီး vorsum, versum မှာ လည်ပတ်နေသော ပြောင်းလဲနေသော အရာတစ်ခု ဟု အဓိပ္ပာယ်ရသည်။ လူခရီတီးယတ်စ် သုံးနှုန်းခဲ့သော အဓိပ္ပာယ်မှာ အရာအားလုံးသည် တစ်ခုတည်းအဖြစ် လည်ပတ်ပေါင်းစည်းသွားသည် ဆိုသော အဓိပ္ပာယ် ဖြစ်သည်။
Powered by Google Sites
ဂြိုဟ်
ဂြိုဟ်
ကည်လင်သော ညအချိန်မှာ မိုးကောင်းကင်ကို မော့ကြည့်လျှင် ရှည်လျားသော နဂါးငွေ့တန်းနှင့်အတူ မှိတ်တုတ်မှိတ်တုတ် ကြယ်မျိုးစုံနှင့် ဥက္ကာပျံများ စသည်ဖြင့် မြင်တွေ့ရမှာ ဖြစ်သည်။ ၄င်းတို့အထဲတွင် သေချာ ကြည့်ပါက မှိတ်တုတ်မှိတ်တုတ် မဟုတ်ပဲ အမြဲလင်းနေတဲ့ ကြယ်အဖြစ် ထင်မှတ်မှားနိုင်သော အရာများကို ဂြိုဟ်များ ဟုခေါ်သည်။ ကြယ်များနှင့် ဂြိုဟ်များ၏ ထူးခြားချက်မှာ - ကြယ်များသည် မှိတ်တုတ်မှိတ်တုတ်နှင့် ကိုယ်ပိုင်အလင်းရောင်ရှိကြသော်လည်း၊ ဂြိုဟ်များမှာမူ မှိတ်တုတ်မှိတ်တုတ် မဟုတ်ပဲ နေမှ ရသောအလင်းရောင်ကို တန်ပြန် ထင်ဟပ်ကြသည်။နေစကြ၀ဠာနှင့် ဂြိုဟ်များ
ကျွန်ပ်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးသည် ဂြိုဟ်အမျိုးအစားဖြစ်ပြီး၊ တနှစ်တကြီမ်ကျ နေကို လှည့်ပတ်လျက်ရှိသည်။ ကျွန်ပ်တို့ မြင်နေရသော နေသည် ကိုယ်ပိုင်အရောင်ရှိသော ကြယ်အမျိုးအစားပင် ဖြစ်သည်။ ကျွန်ပ်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးနှင့်အတူ နေကို လှည့်ပတ်လျက်ရှိသော ဂြိုဟ်များလည်း ရှိကြသည်။ ၄င်းတို့မှာ -- မာကျူရီဂြိုလ်(ဗုဒ္ဓဟူးဂြိုဟ်)
- ဗီးနပ်စ်ဂြိုဟ်(သောကြာဂြိုဟ်)
- ကမ္ဘာဂြိုဟ်
- မားစ်ဂြိုလ်(အင်္ဂါဂြိုဟ်)
- ဂျူပီတာဂြိုဟ်(ကြာသာပတေးဂြိုဟ်)
- စေတန်ဂြိုဟ်(စနေဂြိုဟ်)
- ယူရေးနပ်စ်ဂြိုဟ်
- နက်ပကျွန်းဂြိုဟ်
- ပလူတိုဂြိုဟ် တို့ ဖြစ်ကြသည်။
Powered by Google Sites
ကြယ်
ကြယ်ဆိုသည်မှာ ကြီးမား တောက်ပ၍ ဆွဲငင်အားဖြင့် စုစည်းထားသော ပလာစမာ အလုံးကြီးဖြစ်သည်။ ကမ္ဘာနှင့် အနီးဆုံးကြယ်မှာ နေဖြစ်ပြီး ၄င်းသည် ကမ္ဘာမြေအတွက် စွမ်းအင်အများစု၏ အရင်းအမြစ်ဖြစ်သည်။ အခြားကြယ်များကို နေရောင်ခြည် ထွန်းလင်း တောက်ပ မနေသော ညဖက် ကောင်းကင်ယံတွင် တြွေ့မင်နိုင်သည်။ သမိုင်းအစဉ်အဆက်တွင် ကောင်းကင်ထက်ရှိ ထင်ရှားသော ကြယ်များကို အစုဖွဲ့၍ နက္ခတာရာ အဖြစ် သတ်မှတ်ကြပြီး အတောက်ပဆုံးသော ကြယ်များမှာ စနစ်တကျ အမည်ပေးခြင်း ခံရသည်။ နက္ခတ္တဗေဒပညာရှင်များက ကြယ်များအတွက် အလွန် စေ့စပ်သော ကက်တလောက်များကို ပြုစုထားပြီး စံနှုန်းအဖြစ် သတ်မှတ်ထားသော နာမည်များကို ထိုကက်တလောက်များမှ လေ့လာတွေ့ရှိနိုင်သည်။စကြာဝဠာ ကိုယ်ရေးမှတ်တမ်းထဲက ကွက်လပ်များ
ငမောင့်သားသမီးတွေက
ငမောင့်ကို ထရံပေါက်ကကြည့်တာ ဘာအကျိုးရသလဲတဲ့။ ငမောင်က ''ဒုံးဘ
မောင်ဖြစ်မှာ စိုးလို့ဟေ့။ တို့က မျိုးနဲ့ ရိုးနဲ့နော''ပြောတော့ ရယ်ကြတယ်။
ဒုံးဘမောင်ဆိုတာ ငမောင့်ဘကြီး အရင်းပါ။ သင်ပုန်းကြီးနဲ့
ကျောင်းပြီးခဲ့သူ။ စာမတတ်တော့ ဗဟုသုတ နည်းလွန်းရှာတယ်။ အတွေးအခေါ် မရှိဘူး။
အတွေ့အကြုံပဲ ရှိတယ်။ စဉ်းစားသမျှ ပြောသမျှ လုပ်သမျှ ဒုံးချည်း။ ကြည့်။
သူ့စရိုက်ကိုး။ ဘကြီးက ဆေးရွက်ကြီးငုံတယ်။ တံတွေး ထွေးရတာ မကြာမကြာ။
တစ်နေ့တော့ ငမောင်က ပြောမိတယ်။
''ဆေးမငုံပါနဲ့ ဘကြီးရာ တံတွေးကုန်လှတယ်။ ခံတွင်းထဲမှာ တံတွေးရှိတာ အစာကြေစေတယ်''
ဘကြီး လက်စွဲတော် တင်းတောင်းကို ရေနံချေးသုတ်ရာက ပျစ်ခနဲ တံတွေးထွေးလိုက်ပြီး-
No comments:
Post a Comment