Thursday, December 19, 2013

lineintaw

        ကမ္ဘပေါ်တွင် တိုက်ကြီး ၅တိုက်ရှိ၏။ ၄င်းတို့တွင် အာရှတိုက်သည် အသက်ကြီးဆုံး(၀ါ) အကြီးရင့်ဆုံး ယခုအခါ ထင်ရှားသော ဘာသာ အားလုံးတို့၏ ပုခက်သဖွယ်ဖြစ်ခဲ့၏ (၀ါ) စတင်ဖြစ်ထွန်းရာ ဖြစ်ခဲ့၏။ ယခုအခါ ကြီးပွားထွန်းကားရ်ျ  လူအများလိုက်နာယုံကြည်နေကြသော ဘာသာတို့သည် အာရှတိုက်နှိုက် သာအခြေစိုက်ခဲ့ကြကုန်၏။ ထို့ကြောင့် အခြားသော တိုက်ကြီးတို့သည် ဘာသာရေးဆိုင်ရာနှိုက် အာရှ တိုက်၏ လက်အောက်ခံ(၀ါ)တဆင့်ခံ ခေါင်းရွက် ဗျပ်ထိုး များသာ ဖြစ်ခဲ့ကြကုန်၏။ ၄င်းတို့သည် ဘာသာရေးနှင့် ပတ်သက် လာသော် အာရှတိုက်ဘက်သို့ ဦးညွှတ် ကြရကုန်၏။
          ယခုအခါက်ျကမ္ဘာဘာသာ၏ အရေအတွက်ကား မနည်းလှ သေးချေ။ထင်ရှားရှိသေးသော ဘာသာတို့မှာ နောက်လိုက်နည်းများမဆိုရှိကြကုန်၏။ ရှေးရှေးသော ဘာသာအချို့မှာ ချုပ်ပျောက်ကွယ်ပျောက် ပခြင်းသို့ ရောက်သွားကြလေကုန်ပြီ။ သို့သော် အသစ် အသစ်ဖြစ်သော ဘာသာတို့သည် ထိုပပျောက်သွားသော ဘာသာများ၏အစား ပေါ်ပေါက် လာခဲ့ကြကုန်၏။ စင်စစ်မှာ ဘာသာသည် ကြံရည် ဖန်ရည်  ပညာဥာဏ်ရည် ထူးချွန်သော လူသားတစ်ဦးဦးက တီထွင်ခဲ့သော အရာတစ်ခုဖြစ်၏။
           ကောင်းကင်ဘုံသား ဠာဝယ ဘုရား၊ နတ်ဘုရား တို့သည် လူသားက အသက်သွင်းပေးထားသော အရုပ်များသာ ဖြစ်ကြကုန်၏။ လူသားက မြောက်တင်ပေးသော်သာ  ၄င်းတို့သည် အမြင့်သို့ရောက်ကြရရ်ျ လူသားက ဆွဲချပြန်သော် အောက်သို့ပြန်ကြရလေသည်။ ၄င်းတို့သည် လူသား၏ လက်ရာဖြစ်သော စာပေနှိုက်သာ တည်ရှိကြကုန်၏။
          ထိုကြောင့် ဘာသာသည်ဠာဝယ ဘုရား(၀ါ) နတ်ဘုရားဦးစီးသော ဘာသာနှင့်  လူသားဦးစီးသောဘာသာဟူရ်ျ  နှစ်မျိုးနှစ်စားသာရှိနိုင်လေသည်။ ထို့ကြောင့်အတ္တဘာသာ အနတ္တ ဘာသာဟူရ်ျ နှစ်မျိုးသာရှိနိုင်လေသည်။  အတ္တဘာသာကားရုပ်နှစ် နာမ် မှတပါး အခြားအရာတခု(၀ါ) သဘာဝ တစ်ခုရှိသေးသည်ဟူရ်ျသော ဘာသာဖြစ်၏။  ၄င်းသည် ကမ္ဘာနှိုက်အမြစ်တွယ်နေသော ဘာသာဖြစ်၏။ အတ္တ ဘာသာမှန်သမျှ နှိုက် ဠာဝယ ဘုရားပါဝင်ရမြဲ ဖြစ်လေသည်။
        အနတ္တ ဘာသာကား က်ျလောကဓာတ်နှိုက် ရုပ်နှင့်နာမ်သာရှိ၏။  ရုပ် နာမ် လွဲသောအရာ(၀ါ) သဘာဝဟူရ်ျ ဘာတခုမျှ မရှိဟူသော ၀ါဒဖြစ်၏။၎င်းဝါဒကား ဗုဒ္ဒ ဟူသော ဘွဲ့ထူးကို ဆွတ်ခူး ပန်ဆင်နိုင်သော ထူးချွန်သော ပုဂ္ဂိုလ်ထူး(၀ါ) လူသား ဘုရားများဖြစ်ထွန်းပေါ်ပေါက်မှ သာလျှင် ထင်ရှားရှိသောအရာဖြစ်သည်။

         ယခုအခါထင်ရှားရှိသော ဘာသာအမျိုးအမည် တို့ကို ဖော်ပြကြဦးစို့။
(၁) ကမ္ဘာလူဦးရေ အများဆုံးကိုးကွယ်ကြကုန်သော ဗုဒ္ဒ ဘာသာ။ ၄င်းကို ဗုဒ္ဒဘွဲ့ထူးကို နောက်ဆုံး ပန်ဆင်သော သိဒ္ဒတ္ထ ဂေါတမ စတင်တည်ထောင်ခဲ့လေသည်။
(၂) ဇင်ဒါအ၀က်စတဘာသာ။    ။၎င်းကို ဇရတုစတြ (၀ါ) ဇိုရို ယက်စတာ မည်သောအီရန် ပြည်သား တယောက်က ဟောပြောခဲ့ရ်ျ ပါရစီ လူမျိုးများ လိုက်နာယုံကြည် နေကြလေသည်။
(၃) ဂျိန်းဘာသာ။       ။ ၄င်းကိုဝေသာလီမြို့သား ၀ဃုမာနမဟာဝီရ ဟူရ်ျ ရာဇ၀င်နှိုက်ထင်ရှားသော(၀ါ)နိဏ္ဍာနာဋပုတ္တုဟူသောနာမံဖြင့် ပါဠိ စာပေနှိုက်ထင်ရှားသောပုဂ္ဂိုလ်ထူးက စတင်တည်ထောင်ခဲ့လေသည်။
(၄) ဝေဒန္တ ဗြဟ္မဏဘာသာ။   ။ ၄င်းကို ရှေးကျသော ဗြဟ္မဏလူမျိုးရသေ့ကြီးများ၏ လက်ရာတည်း။၎င်းကို ဟိန္ဒူဘာသာဟူရ်ျလည်းခေါ်သည်။
 (၅) တာယိုဘာသာ။       ။ တရုတ် နိုင်ငံဖွား ပြည်ကြီးသား လာဟိုဇီတည်ထောင်ခဲ့၏။
(၆) ကွန်ဖူးရှပ်ဘာသာ။        ။ ယင်းကို တရုတ် ပြည်ကြီးသား ပညာရှိ ကွန်းဖူးရှပ်က စတင်ဟောပြော တည်ထောင်ခဲ့၏။
(၇) ခရစ်ယံဘာသာ။         ။ပါလေတိနပြည်၊ နာဇာရက် ရွာနေ ယောသတ် မည်သော လက်သမား တစ်ယောက်၏ သား ခရစ်သည် ၄င်းဝါဒကို တည်ထောင် ခဲ့၏။
(၈) အစၥလာမ္ဘာသာ။     ။ ၄င်းကိုမက္က အမျိုးသား မိုဟာမက်က် တည်ထောင်ခဲ့၏။
(၉) ရေဖြန်းဘာသာ။      ။ယင်းကို ဂျာမနီ ပြည်သား မာတင်လူသာ တည်ထောင်ခဲ့၏။
(၁၀) အဒွိတ္ထ ဝေဒန္တဘာသာ။           ။ယင်းကား မာလဘာနယ် သား ဆံကရ၏ လက်ထက်ပွားဖြစ်၏
(၁၁) ဒွိ တ္တဝေဒန္တဘာသာ။         ။ ဥဒိဝိနယ် ဘဲလီရွာသား မာဓ၀မည်သော ပုဏ္စားသည် ဒွိတ္တဝေဒန္တဘာသာ၏ လက်သယ်ဖြစ်၏။
(၁၂)၀ိသေသဒ္ဒိတ္တ။          ။အိန္ဒိယတောင်ပိုင်းသား ရာမာနုဂျသည် ၀ိသေသဒ္ဒိတ္တ ၀ါဒ ကိုတည်ထောင်ခဲ့၏။
(၁၃) ဗိုက်ရှန၀ဘာသာ။        ။ ကျိုက်တန္ဒယမည်သော ဘင်္ဂလားနယ်သားသည် ဗိသျှန၀ဘာသာကို တည်ထောင်ခဲ့၏။
(၁၄) ဆစ်(ခ) ဘာသာ။   ။  ဂုရုနတ်သည် ပန်ဂျပ်(၀ါ) ပဉ္စာလတိုင်းသား စူဠနီဗြဟ္မဒတ်၏ အနွယ်တော် ဖြစ်ကုန်သော ခေါင်းပေါင်းကြီး ကုလား ပန်ဂျာပီ များ အတွက် ဆစ်(ခ) ဘာသာကို စတင်တည်ထောင်ခဲ့၏။
(၁၅)ဗြဟ္မဏသမဂ္ဂ။       ။ ၄င်းရာဇာရစ်မိုဟန် ရွိုင် ကတည်ထောင်ခဲ့၏။
(၁၆) အရိယသမဂ္ဂ။         ။ ဆွာမိဒယာနန္ဒသည် မူလဟိန္ဒူ ဘာသာရင်း မှ ခွဲထွတ်ရ်ျ ၄င်း ဘာသာကိုတည်ထောင်ခဲ့လေသည်။ ၄င်းတို့တွင် (၄) (၁၁) (၁၂) (၁၃) (၁၄) (၁၅) (၁၆) ဟိန္ဒူဘာသာ အတွင်းသို့ သွတ်သွင်း ရေ တွက်ရသော ဘာသာတို့ဖြစ်သတည်း။
         ထိုမှတပါး တိုက်ကြီး(၅) တိုက်စလုံးမှာပင် နတ်ကိုးကွယ်သော အလေ့အထ များရှိကြကုန်၏။ နတ်ဦးရေ အများဆုံး တိုင်းနိုင်ငံတို့ကား အိန္ဒိယ တရုတ် အီဂျစ် ဂရိတ် မြန်မာ တို့ဖြစ်လေသည်။ ထိုနတ်တို့၏ အရေအတွက်ကားများပြားလှ၏ အိန္ဒိယ နိုင်ငံတစ်ခုတည်းနှိုက်ပင် (၃၃) ကုဋေကျော် ရှိခဲ့လေသည်။ သို့သော် ၄င်းကိုးကွယ်မှုသည် ဘာသာ တစ်ခုအနေဖြင့် လိုက်စားခြင်း မဟုတ်သောကြောင့် ဘာသာစာရင်းနှိုက် ထည့်သွင်းဖော်ပြရန်မလိုတော့ပြီ။ ၄င်းကားကမ္ဘာပေါ်တွင် ကိုးကွယ်မှုဘာသာများဖြစ်သတည်း။။။။။။။။။။။။။
                                                             ရှင်ဥက္ကဠ

No comments:

Post a Comment